မာလခိအနာဂတ္တိကျမ်းကို ခြုံငုံလေ့လာထားသည့် ကျွန်ုပ်တို့၏ ဗီဒီယိုကို ကြည့်ဖို့ ဖိတ်ခေါ် အပ်ပါသည်။ ဤဗီဒီယို၌ ကျမ်းစာစောင်များကို “စာပေရှုဒေါင့်” နှင့် သူ့နောက်ကွယ်မှ “တွေးခေါ်ယူဆမှု စီးဆင်းပုံများ” ကို ခွဲခြားရှင်းပြ ထားပါသည်။ မာလခိအနာဂတ္တိကျမ်းသည် ဣသရေလလူမျိုးတို့၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရပြီးနောက် ဘုရားသခင်၏ နိုင်ငံတော်အတွက် ပြင်ဆင်သည့်အနေဖြင့် တကိုယ်ကောင်းဆန်မှုတို့ကို အပြစ်တင်ပြီး ဘုရားသခင်၏ နေ့တော်ကြီးအားဖြင့် သူတို့ကို အပြစ်စီရင်မည်ဖြစ်ကြောင်း ပရောဖက်ပြုထားသည်။